Industrial Revolution


၁၈ရာစုတုန်းက ဂရိတ်ဗြိတိန်မှာ တွင်တွင်ကျယ်ကျယ် ပြောင်းလဲ ခဲ့ကြတဲ့ စက်မှုတော်လှန်ရေး ဆိုတာကို သမိုင်းထဲမှာ သင်ခဲ့ရဖူးတယ်. (1760-1840)။ လုပ်အားကို ရင်းပြီး ကုန်ထုတ်လုပ်ရာကနေ စက်တွေ ပြောင်းတပ်ပြီး ထုတ်လုပ်ကြတယ်..။ အဲဒီအချိန်မှာ ဖြစ်တဲ့ ပြသနာက အလုပ်လက်မဲ့ပြသနာပါပဲ…။ စက်တွေ တပ်ဆင်ပြီး ထုတ်လုပ်လာကြတော့ လူ့လုပ်အား လိုအပ်ချက် နည်းလာတယ်..။ စက်တွေနဲ့ အတူ အလုပ်လုပ်ရတဲ့ လူတွေကလည်း စက်နဲ့ အပြိုင်လုပ်ရတာ ဆိုတော့ လေ့ကျင့်သား ပြည့်ဝဖို့ ပိုပြီး လိုအပ်လာတယ်..။ အဲဒီ လိုအပ်ချက်ကို ဖြည့်နိုင်ရင် ဖြည့် မဖြည့်နိုင်ရင် နောက်နေ့မှာ အလုပ်ပြုတ်ဖို့ပါပဲ..။

ဒီလိုနဲ့ပဲ စက်မှုတော်လှန်ရေး ဆိုတဲ့ ကာလကြီးဟာ နှစ်ပေါင်း ရှစ်ဆယ်လောက် ကြာသွားခဲ့တယ်..။ ပြသနာတွေ ငြိမ်းအေးသွားတဲ့ အထိဆိုရင် နှစ် ၁၀၀ လောက်ကြာတာပေါ့..။ ဒါကြောင့် တော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲရာမှာ နှစ်ပေါင်း တစ်ရာလဲ ကြာနိုင်တယ် ဆိုတဲ့ သင်ခန်းစာ ရတယ်..။
အခု ကိုယ့်ဆီမှာ စက်မှု တော်လှန်ရေး စပြီ ထင်ပါရဲ့..။ ဆယ့်ရှစ်ရာစု ဥရောပနဲ့တော့ တူမယ်မထင်ပါဘူး..။
အခု စ တဲ့ တော်လှန်ရေးက HR တော်လှန်ရေး ဖြစ်လိမ့်မယ်…။

အလုပ်သမား မမြဲဘူး ဆိုတဲ့ ညည်းညူ သံတွေအတွက် ပညာရှင်များက အကြံပေးကြတာက လူ့လုပ်အားကို နည်းနည်းပဲသုံးပြီး စက်အားကို များများ သုံးပါ.. တဲ့..။ ဆယ့်ရှစ်ရာစုတုန်းကတော့ စက်တွေက တီထွင်တုန်းမို့ စက်တစ်ပိုင်း လူတစ်ပိုင်း နဲ့ ထုတ်လုပ်ခဲ့ကြရတာ..။ အခုခေတ်မှာတော့ အားလုံးက အပြီးအစီး ဖြစ်နေတဲ့အပြင် ထိန်းချုပ်ရေး စနစ်တွေကလဲ ကွန်ပြူတာတွေနဲ့ ဆိုတော့ လူရဲ့ တာဝန်က မီးမပြတ်ရေးပဲ ဂရုစိုက်ရတော့ မလို ဖြစ်နေပြီ..။

ပြီးတော့ ထိန်းချုပ်မောင်းနှင်သူတွေ ကိုလဲ အလုပ်ရှင်တွေက ခေတ်မီသင်တန်း မျိုးစုံတွေ ပေးထားကြတာဆိုတော့ Productivity အတွက် က ပြောစရာကို မလိုတော့တာ..။ ခေတ်အဆက်ဆက် မှာ “သိသူတွေပဲ ဖေါ်စားကြတာပါပဲ..။” မသိသူတွေကတော့ (သူများတွေအကြောင်း) စကားတပြောပြောနဲ့ ကျော်သွား နေကြလေရဲ့…။ ပြီးတော့မှ “ပေး… ပေး… ငါ့ရွှေခွက်ပေး” ဆိုတဲ့ ဇာတ်ကြောင်းတွေ အပ်ကြောင်းထပ်အောင် ပြောကြလိမ့်ဦးမယ်… လေ..။

ကောင်းလွန်း (၃၀.၁၀.၂၀၁၀)