နေရာတကာ စိတ်ပညာ


စိတ်ပညာတွေလေ့လာပြီးသိရတော့ဘာလုပ်မှာလဲမေးရင်
မိမိသက်ဆိုင်ရာနယ်ပယ်မှာလက်တွေ့အသုံးချဖို့ပါပဲခင်ဗျ။
ဈေးရောင်းတဲ့သူကလည်းဈေးရောင်းရာမှာအသုံးချပေါ့ဗျာ။

ကုန်စည်တွေခင်းကျင်းတဲ့အခါ မျက်စိနဲ့တစ်တန်းကျနေတဲ့
ကုန်စည်ကိုပိုစိတ်ဝင်စား၊ပိုကောင်းတယ်ထင်တတ်တာ။ဈေးနူန်းသတ်မှတ်တဲ့အခါဂဏန်းတစ်လုံးပိုနဲတယ်ထင်အောင် ၃၀၀၀နဲ့ရောင်းမယ်ဆိုရင် ၂၉၉၀ရေးတာမျိုး။မဝယ်လိုသေးတဲ့ပစ္စည်းကိုချက်ခြင်းဝယ်ချင်လာအောင်ဘယ်လိုလှုံ့ဆော်၊ကြော်ငြာရမယ်ဆိုတာမျိုးတွေကစိတ်ပညာတွေပါပဲခင်ဗျ။

ကျောင်းဆရာဆိုရင်လည်း ဘယ်လိုရှင်းပြပြနားမလည်ဘူးဆိုတာက developmentally appropriateness မဖြစ်လို့လား၊motivation ပျောက်နေတာလား၊ကလေးတွေက ကြီးကြီးကျယ်ကျယ်ထက်သာမန်နေ့စဉ်ဘဝကိုပိုပြီးစိတ်ဝင်စားတယ်ဆိုတာမျိုးကစိတ်ပညာပါပဲ။

အသက်၇-နှစ်ကနေ ၁၁ထိ မူလတန်းပညာရေးပေးရမယ်၊၁၁နှစ်ကျော်မှ abstract တွေကိုနားလည်စွမ်းရှိတယ်ဆိုတာတွေကိုစိတ်ပညာကပြောပြပေးပါတယ်။

လူငယ်တွေဒေါသဖြစ်တဲ့အခါ ပစ္စည်းတွေရိုက်ခွဲဖျက်ဆီးတာမျိုး၊အရက်သွားသောက်တာမျိုးက ပြသနာမဖြေရှင်းတတ်လို့ဖြစ်ကြောင်း၊မိဘကဒေါသဖြစ်တဲ့အခါ သတင်းစာလွှင့်ပစ်တာ၊ပုဂံတွေရိုက်ခွဲတာ၊ရုပ်ရှင်ထဲမှာ မင်းသားက ပြသနာဖြစ်စိတ်ညစ်တဲ့အခါ အရက်ဆိုင်သွားသောက်ဒေါသပေါက်ကွဲတဲ့အခါပုဂံတွေစင်ပေါ်ကနေတွန်းချပြတာတွေမြင်ဘူးတာမှတ်သားထားပြီး အမှတ်တမဲ့သင်ယူထားလို့ဖြစ်ကြောင်းစိတ်ပညာကပြောပြပါတယ်။

သူတပါးကိုညှင်းဆဲတာ..အကြမ်းဖက်တာ..စတာတွေ
ကဘယ်လိုလူမျိုးတွေမှာဘယ်အချိန်ခါဖြစ်တတ်ကြောင်းသင်ပြပေးတဲ့ပညာရပ်မျိုးပါ။ဘာ့ကြောင့်ဆိုစိတ်ပညာကလူတွေရဲ့ စိတ်ခံစားချက်တွေ၊အပြုအမူတွေနဲ့ သိမှုတရားကိုလေ့လာတဲ့ပညာဖြစ်နေလို့ပါပဲဗျာ။

Credit to Sayar U Kyaw San